Intuitive Healer | Tarot | Coach
WHO IS ANII?
Anii Chann သည် Intuitive Healer, Spiritual Teacher နှင့် Holistic Tarot Reader တစ်ဦးဖြစ်ပြီး Elysian Aniichann Soul Family Community ၏ Founder ဖြစ်ပါသည်။
သူမ၏ ကိုယ်ပိုင် Healing Journey ကုစားခြင်း Spiritual ခရီးစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများကို မျှဝေရင်း လူအများအား မိမိတို့၏ စစ်မှန်သော ကိုယ်ပိုင်စွမ်းအားနှင့် နှလုံးသားတွင်းမှ ဉာဏ်ပညာကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရန် လမ်းပြကူညီပေးနေပါသည်။ ✨🤍


ဘဝများကို အတူတကွ ပြောင်းလဲကြစို့
Anii ရဲ့ Spiritual Journey ခရီးစဉ် ဟာ ၂၀၂၀ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်မှာ စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အပေါ်ယံ ဖြစ်ပျက်နေသော ကမ္ဘာကြီးရဲ့ သဘောတရားများ၊ ပုံရိပ်ယောင်များ မြင်လာခဲ့ပြီး ကိုယ့်ကိုကိုယ် အသက်ရှင်သန်နေခြင်းအပေါ် စတင် မေးခွန်းထုတ်လာခဲ့ချိန်ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်မှာတော့ ဘဝကို ပြောင်းလဲပစ်ခဲ့တဲ့ Near-Death Experience (သေမင်းနဲ့ နီးစပ်ခဲ့သော အတွေ့အကြုံ) တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအတွေ့အကြုံဟာ Anii ရဲ့ ဘဝအမြင်ကို လုံးဝ ပြောင်းလဲစေခဲ့ပြီး ပိုမိုနက်ရှိုင်းတဲ့ Mission ခေါ်ဆိုမှုတစ်ခုကို နိုးလာစေခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး Anii ရဲ့ (Soul Mission) အပေါ် အပြည့်အဝ ဘဝကို မြှုပ်နှံခဲ့ပြီး အခြားသူများကို ကုသခြင်း၊ ပြောင်းလဲခြင်းနှင့် စစ်မှန်သော နှလုံးသားကို ပြန်လည်မှတ်မိခြင်း (Soul Remembrance) ခရီးစဉ်များတွင် လမ်းပြကူညီပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တွင် Anii ရဲ့ ဆရာမ Julia Myint Thin ထံမှ Advanced Tarot Reader Certification ကို ရရှိခဲ့ပါသည်။
၂၀၂၆ ခုနှစ်တွင် United Kingdom အခြေစိုက် International Practitioners of Holistic Medicine (IPHM) မှ အသိအမှတ်ပြု Certified Holistic Healer နှင့် Tarot Reader အဖြစ် အောင်မြင်စွာ အသိအမှတ်ပြုခံခဲ့ရပါသည်။
Anii ရဲ့ Mission ကတော့ လူအများအား မိမိတို့၏ အတွင်းစိတ်နှလုံးသားမှ ဉာဏ်ပညာနှင့် ပြန်လည်ချိတ်ဆက်နိုင်ရန်
စိတ်ပိုင်းဆိုင်ရာနှင့် စွမ်းအင်ပိုင်းဆိုင်ရာ ပုံစံဟောင်းများကို ကုစားနိုင်ပြီး မိမိအလိုရှိသော ဆန္ဒများအားလုံး ပြည့်ဝရန်
မိမိတို့၏ စစ်မှန်သော ကိုယ်ပိုင်ဖြစ်တည်မှုအတိုင်း ဘဝကို အဓိပ္ပါယ်ရှိစွာ အပြည့်အဝ အသက်ရှင်နိုင်ရန် ကူညီပေးခြင်း ဖြစ်ပါသည်။
ရှေးဟောင်းပညာများ၊ Tarot၊ Intuitive Guidance နှင့် ခေတ်မီ Holistic Healing နည်းလမ်းများကို ပေါင်းစပ်အသုံးပြုကာ နိုးကြားမှု Spiritual Awakening လမ်းကြောင်းပေါ် လျှောက်လှမ်းနေသော လူပုဂ္ဂိုလ်များ၊ Healer များနှင့် Conscious Leader များကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
ဒီအရာဟာ ကုစားခြင်းတစ်ခုတည်း မဟုတ်ပါ။
ဒါဟာ…
ကိုယ့်နှလုံးသားရဲ့ အမှန်တရား၊ လောကရဲ့ အမှန်တရား ကို ပြန်လည်မှတ်မိခြင်း ခရီးစဉ်
တစ်ခု ဖြစ်ပါတယ်။ ✨
Anii Soul Family ကို ဘာကြောင့် Join သင့်သလဲ?
Anii Soul Family Community ဟာ မိမိကိုယ်ကို ကုသဖို့၊ တိုးတက်စေဖို့ ၊ ကိုယ်ကိုယ်တိုင် ရှာဖွေတွေ့ရှိစေဖို့၊ အေးချမ်းမှုများ ရစေဖို့ Manifestation နှင့် စစ်မှန်သော ဘဝရဲ့ အဓိပ္ပါယ််များ ရှာတွေ့စေဖို့ အတွက် ဖန်တီးထားသော နွေးထွေးပြီး လုံခြုံသော နေရာလေးတစ်ခု ဖြစ်ပါတယ်။
ဒီနေရာမှာ သင်ဟာ ဟန်ဆောင်ဖို့၊ အခြားသူတွေကို သဘောကျအောင် ကြိုးစားဖို့ မလိုအပ်ပါဘူး။ သင့်ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ပဲ ရှိနေနိုင်ပါတယ်။
ဒီ Community ထဲမှာ Anii ရဲ့ Soul Family အနေနဲ့ အတူတကွ လျှောက်လှမ်းကြပြီး တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီခြင်း၊ စိတ်ခွန်အားပေးခြင်းများနဲ့ ဘဝရဲ့ ရာသီအလိုက် အပြောင်းအလဲတိုင်းကို အတူဖြတ်သန်းသွားကြမယ်နော်

Portal Remember Me Retreat

















