The love I seek is already within me
- AniiChann Elysian

- Jun 27
- 1 min read

ငါရှာနေမိတဲ့ ချစ်ခြင်းမေတ္တာတွေဟာ ငါ့ရဲ့နှလုံးသားထဲမှာ ရှိနေပြီးသားဖြစ်ပါတယ်။
Relationship တွေဟာ တစ်ဖက်သူက ကိုယ့်အတွက် မပြည့်သေးတဲ့ ရာခိုင်နှုန်းတွေဖြည့်ပေးရတာမဟုတ်သလို ကိုယ်ဟာလည်း သူ့ရဲ့မပြည့်သေးတဲ့ ရာခိုင်နှုန်းတွေဖြည့်ပေးရတာမဟုတ်ပါဘူး။
လူသားတွေဟာ မိမိကိုယ်တိုင်က Whole 100% ပြည့်ပြီးသားဖြစ်ပါတယ်။
You are already whole being yourself .
Relationship တွေဟာဆိုရင်
သူက 50% ကိုယ်က 50% လည်းမဟုတ်သလို သူက 70% ကိုယ်က 30%
သူက 10% ကိုယ်က 90% မဟုတ်ပါဘူး။
သူကလည်း သူ့ပုံစံအတိုင်း 100% ဖြစ်နေသလ်ို မိမိဟာလည်း မိမိပုံစံအတိုင်း 100% ပြည့်နေမှသာ နှစ်ယောက်ရဲ့ ပေါင်းစည်းမှုဟာ oneness ဖြစ်လာစေမှာဖြစ်ပါတယ်။
မိမိဟာ အချစ်ခံရသော ခံစားချက်ရလာဖို့ တစ်စုံတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုလိုက်ရှာနေဖို့ မလ်ိုပါဘူး။
မိမိကိုယ်တိုင်ပေးနိုင်သောချစ်ခြင်းမေတ္တာတွေဟာ ကိုယ့်ရဲ့နှလုံးသားထဲမှာ လိုအပ်သည်ထက်ပိုလျှံနေပါတယ်။
Anii ရဲ့ Relationship အမြင်ကိုပြောင်းသွားစေတဲ့ Mindset လေးရှိပါတယ်။
မိမိကိုယ်တိုင်ဟာ ၁၀၀ ဖြစ်အောင် အာရုံစိုက်ကာ ကိုယ့်ကိုယ်ကို ချစ်ပေးတဲ့အခါ ၁၀၀ ပြည့်နေပြီးသား ကိုယ့်ရဲ့ right person ဟာအလိုလိုကိုယ့်ဘဝထဲရောက်လာပါလိမ့်မယ်။
မိမိဟာ ကိုယ့်ရဲ့ မပြည့်သေးတဲ့ ရာခိုင်နှုန်းတွေကို ဖြည့်ပေးဖို့ လူတစ်ယောက်ယောက်ကိုမျှော်လင့်နေတဲ့အခါ မိမိလိုပဲ မပြည့်သေးသော သူတွေနဲ့ တွေ့ဆုံရစေပါတယ်။
မိမိကိုယ်တိုင်ဟာလည်း တခြားသူများရဲ့မပြည့်သေးသော ရာခိုင်နှုန်းတွေကိုဖြည့်ပေးလို့မရသလို မိမိကိုလည်း သူတို့ရဲ့ မပြည့်သေးတဲ့အပိုင်းတွေ အနစ်နာခံ ဖြည့်ပေးစေချင်တဲ့ သူတွေဟာလည်း ကိုယ့်ရဲ့ right person မဟုတ်နေပါဘူး။
ပါရမီဖြည့်ဖက်ကောင်းတွေဟာ တစ်ယောက်ကိုတစ်ယောက်ဖြည့်ပေးရတာမဟုတ်ဘဲ
တစ်ယောက်ကိုတစ်ယောက် လမ်းပြပေးရတာ ၊
တစ်ယောက်ကိုတစ်ယောက်ပိုပြီးသတ္တိရှိစေတာ ၊
တစ်ယောက်ပေါ် တစ်ယောက်အကြွင်းမဲ့
နားလည်ကာ အကောင်းဆုံးပံ့ပိုးပေးတာ
မိမိကိုယ်ကို ပိုချစ်တတ်စေတာ၊
နှစ်ယောက်အတူ လောကကိုအကျိုးပြုနိုင်တဲ့ ပေါင်းစည်းမှုတွေဖြစ်စေတာ ဖြစ်ပါတယ်။
Remind yourself , You are already whole , just by being yourself .
Comment ❤️I love me ❤️



Comments