မိမိဟာ တစ်ချိန်တည်းမှာ အားလုံးကို လုပ်နိုင်ဖို့မလိုပါဘူး။
- AniiChann Elysian

- Jun 27
- 1 min read

ဖြေးဖြေးချင်းစီ …နည်းနည်းချင်းစီ ….
ကိုယ်လုပ်နိုင်သလောက်ကို အစွမ်းကုန်ကြိုးစားနေဖို့အရေးကြီးပါတယ်။
ကိုယ်ရဲ့ အစွမ်းကုန်ကို ကမ္ဘာကြီးက စောင့်နေပေးပါလိမ့်မယ်။
ကိုယ့်အတွက် စစ်မှန်တဲ့ သူတွေက စောင့်နေပေးပါလိမ့်မယ်။
ကိုယ့်ပိုင်ဆိုင်ရမယ့် အရာတွေဟာလည်း စောင့်နေပေးပါလိမ့်မယ်။
အရာအားလုံးကို တစ်ချိန်တည်းမှာလုပ်ချင်တဲ့အခါ ဘယ်အရာကိုမှ မဖမ်းဆုပ်နိုင်ဘဲမိမိကိုယ်ကိုသာ ဆုံးရှုံးသွားပါလိမ့်မယ်။
ဒီနေ့အတွက် အရာအားလုံးကို အဖြေမရှာနိုင်ခဲ့ရင်တောင် မနေ့ကထက်ရင့်ကျက်သောသူတစ်ယောက်ဖြစ်လာခဲ့တယ်ဆိုရင်ဒီနေ့အတွက် အရာအားလုံးကို မဖြေရှင်းနိုင်ခဲ့ရင်တောင် မနေ့ကထက် ခြေလှမ်းတစ်လှမ်းရှေ့ကိုတိုးနိုင်ခဲ့တယ်ဆိုရင်ဒီနေ့အတွက် အရာအားလုံးကိုလွှတ်မချနိုင်ခဲ့ရင်တောင် မနေ့ကထက်မေတ္တာတွေ ပ်ိုပေးနိုင်ခဲ့တယ်ဆိုရင် ဒီနေ့အတွက် မိမိဟာ အကောင်းဆုံး အသက်ရှင်နိုင်ခဲ့ပါတယ်။
ဒီနေ့ကြိုးစားရှင်သန်ခဲ့တဲ့ မိမိကိုယ်ကို comment ထဲမှာ ကျေးဇူးတင်ကြောင်းရေးပေးခဲ့လိုက်ပါ။
🔮 I am grateful to be alive and evolving.🔮



Comments