top of page

Anii Chann

Intuitive Healer | Tarot | Coach

မမျှော်လင့်ထားသော ကံကောင်းခြင်းတွေရောက်လာစေဖို့….

  • Writer: AniiChann Elysian
    AniiChann Elysian
  • Jun 27
  • 1 min read

နေ့တိုင်း အဓိပ္ပါယ်ရှိသော ဘဝကို ရှင်သန်နေတယ်ဆိုတဲ့ စိတ်ကလေးရှိထားတဲ့ အခါ မမျှော်လင့်ထားသော ကံကောင်းခြင်းတွေရောက်လာစေပါတယ်။


ကိုယ့်ဆန္ဒတွေအမြန်ဆုံး ပြည့်ဝစေတဲ့နည်းလမ်းလေးတစ်ခုဟာ လက်ရှိဘဝကိုအသိအမှတ်ပြုပြီး အဓ်ိပ္ပါယ်ရှိစွာ ရှင်သန်တတ်ခြင်းပါပဲ။


အဓိပ္ပါယ်ရှိတဲ့ ဘဝဆိုတာဟာ ကိုယ်ကြိုက်တာလေးမှ ရွေးလုပ်တာမဟုတ်ပါဘူး။

ကံကောင်းတဲ့ ဘဝကိုမွေးကတည်း ရလာခဲ့တာလည်း မဟုတ်ပါဘူး။


ကိုယ့်အကျိုး လုံးဝမကြည့်ဘဲ အများအကျိုးပဲလုပ်ရမယ်လ်ို့လည်းမဆိုလိုပါဘူး။

အဓိပ္ပါယ်ရှိသော ဘဝဆိုတာ နေ့စဉ်တိုင်းရဲ့ လုပ်ငန်းဆောင်တာတိုင်းကို အသိအမှတ်ပြုကာ ကိုယ်လုပ်ချင်သော အလုပ်ဖြစ်စေ၊ မဖြစ်မနေလုပ်ရသော အလုပ်ဖြစ်စေ တာဝန်သိစိတ်ဖြင့် လုပ်ဆောင်တတ်ခြင်း၊ ကိုယ့်ရဲ့ ကောင်းခြင်းဆိုးခြင်းတိုင်းကိုတာဝန်ယူတတ်ခြင်း ဖြစ်ပါတယ်။


မိမိရဲ့ လက်ရှိဘဝဟာ အဓိပ္ပါယ်ရှိမနေဘူးလို့ ခံစားရတဲ့အခါ ဒီစိတ်ဟာ ပြည့်စုံကြွယ်ဝခြင်းများ ၊ ကံကောင်းခြင်းများကို ပိတ်ထားမိစေပါတယ်။


မိမိရရှိနေတဲ့ ဘဝဟာ အဓိပ္ပါယ်တွေရှိလာစေဖို့ တာဝန်ယူရသူတွေဟာ မိမိကိုယ်တိုင်သာမဟုတ်လား။

ဒီစာလေးကိုဖတ်ရင်း comment ထဲမှာ


ငါဟာ အဓိပ္ပါယ်ရှိသော ဘဝလေးကိုရှင်သန်ခွင့်ရနေတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ ရေးခဲ့ရင်း မိမိကိုယ်ကို အသိအမှတ်ပြုလိုက်ပါ။

 
 
 

Comments


bottom of page