မ်ိမိဟာ ဘဝမှာ နောက်ကျနေတယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။
- AniiChann Elysian

- Jun 27
- 1 min read

နောက်ကျကျန်နေခဲ့တယ်လို့ မိိမိမှတ်ယူထားတဲ့ အချိန်တွေဟာ တကယ်တော့ ပိုကောင်းသောအရာတွေ လက်ခံနိုင်ဖို့ မိမိကိုယ်ကို ပြင်ဆင်ပေးနေချိန်တွေဖြစ်ပါတယ်
မိမိယခုခံစားနေရတဲ့ အားမရမှုတွေ၊ သိမ်ငယ်မှုတွေ၊ ရှုပ်ထွေးမှုတွေ၊ ဆုံးရှုံးမှုတွေဟာ ပြစ်ဒဏ်တွေမဟုတ်ပါဘူး။
ပိုပြီး ကြံ့ခိုင်သန်မာတဲ့၊ ရင့်ကျက်တဲ့ မိမိဖြစ်လာစေဖို့ တည်ဆောက်ပေးနေတဲ့ ဘဝရဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။
Anii အကြိုက်ဆုံး စာသားလေးရှိပါတယ်။
ဘဝမှာ အကြောင်းမဲ့တိုက်ဆိုင်တယ်ဆိုတာ၊ ကံမကောင်းလို့ လွဲချော်သွားတယ်ဆိုတာ မရှိပါဘူး။
လူလောကကို လူရယ်လို့ ရောက်ရှိလာတဲ့ အချိန်အခိုက်အတန့်ကစလို့ မိမိဘဝရဲ့ စက္ကန့်မိနစ်တိုင်းဟာ တိကျစွာ၊ မှားယွင်းလွဲချော်ခြင်းမရှိ အရာရာကိုယ့်အတွက် ဖြစ်လာနေခြင်း ဖြစ်ပါတယ်။
ဒီနေ့မှာရော ဘဝဟာ မိမိကို ဘာတွေ ပြင်ဆင်ပေးနေလဲ။
ဘာတွေသင်ပြပေးနေလဲ။
ခဏလောက်အာရုံလေးပြုကာ ဘဝရဲ့ လမ်းညွန်မှုတွေ အာရုံပြုလိုက်ကြရအောင်ပါ။



Comments