top of page

Anii Chann

Intuitive Healer | Tarot | Coach

Trust the unseen မမြင်ရသေးတဲ့ အရာတွေကိုယုံကြည်ပါ။

  • Writer: AniiChann Elysian
    AniiChann Elysian
  • Jun 27
  • 1 min read

မိမိဘဝမှာ သိသာတဲ့ ပြောင်းလဲမှုကြီးတွေ ဘာမှ မဖြစ်လာသေးတာကြောင့် ကိုယ့်ရဲ့ ကြိုးစားမှုတွေဟာ အရာမထင်ဘူးလို့ သတ်မှတ်လိုက်လို့ မရပါဘူး။


တစ်နေ့တာမှာ နည်းနည်းချင်းစီ စိုက်ပျိုးခဲ့တဲ့ ကိုယ့်ရဲ့ မျိုးစေ့တွေ ကိုယ့်ရဲ့ ဆုတောင်းသံတွေ၊ ကိုယ့်ရဲ့ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ အားလုံးဟာ အရှိန်ယူကာ ပြင်ဆင်နေတာဖြစ်ပါတယ်။


ကိုယ့်ရဲ့ ကြိုးစားမှုတွေကိုယုံကြည်ပါ။ သစ္စာတရားတွေ မျှော်လင့်ချက်တွေကို လက်ကိုင်ထားပါ။


မမြင်ရသေးတဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးအတွက် ထိုက်တန်သောဆုလာဘ်ဟာ အနာဂတ်မှာစောင့်ဆိုင်းနေပါတယ်။


အံ့ဩဖွယ်ကံကောင်းမှုတွေ၊ မထင်မှတ်ထားတဲ့ ဘဝရဲ့ အပြောင်းအလဲတွေဆိုတာ ရုတ်တရက်ပေါ်လာတာမဟုတ်ဘဲ အချိန်ကာလပေါင်းများစွာ တိတ်ဆိတ်စွာ ကိုယ်အနစ်နာခံလာတဲ့ ကြိုးစားမှုတွေရဲ့ အသီးအပွင့်တွေဖြစ်ပါတယ်။

 
 
 

Comments


bottom of page