top of page

Anii Chann

Intuitive Healer | Tarot | Coach

ကိုယ်ကိုင်တွယ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အရာကို စကြဝဠာကြီးက ကိုယ့်လက်ထဲကို မထည့်ပေးပါဘူး။

  • Writer: AniiChann Elysian
    AniiChann Elysian
  • Jun 27
  • 1 min read

Anii လွန်ခဲ့သောနှစ်တွေကတည်းက ကိုယ်ပိုင်အိမ်ခြံဝန်းလေးနဲ့နေချင်လို့ အပြင်းအထန် manifest လုပ်ခဲ့ဖူးပါတယ်။


ဒါပေမယ့် အိမ်မှုကိစ္စအလုပ်တွေကို Anii ကျွမ်းကျင်စွာမလုပ်တတ်သလို စိတ်လည်းမဝင်စားပါဘူး၊

မိသားစုအိမ်မှာနေကတည်းက အဆင်သင့်လေးလက်တင်နေခဲ့ရသူမို့ အိမ်မှုကိစ္စရဲ့ တာဝန်ကို ဘယ်တုန်းကမှ အလေးအနက်မတွေးကြည့်ဖူးပါဘူး။


ဒါပေမယ့် စိတ်ထဲမှာတော့ ကိုယ်ပိုင်အိမ်လေးကို လိုချင်လို့ တောက်လျှောက် manifest ခဲ့ပါတယ်။

၁ နှစ်က ၂ နှစ် ၃ နှစ်ကြာတဲ့ထိ မပြည့်ဝခဲ့တဲ့ ဒီဆန္ဒလေးကို ကိုယ်တိုင်က တစ်ခုခုမှားနေပြီဖြစ်ကြောင်း သတိထားမိခဲ့ပါတယ်။


ဒါပေမယ့် ကိုယ်တာဝန်ယူရမယ့်အရာကိုမတွေးမိဘဲ လုပ်ပုံလုပ်နည်း မှားတယ်၊ စိတ်ထားပုံ ထားနည်းလ်ိုသေးတယ်လို့သာ တွေးခဲ့ပါတယ်။ နောက်နှစ်မှာတော့ Anii အိမ်သစ်လေးပြောင်းရွေ့ဖို့ ဖြစ်လာပါတယ်။ဒါပေမယ့် ကိုယ်လိုချင်သလိူ ခြံနဲ့ ဝန်းနဲ့တော့မဟုတ်ဘဲ ကွန်ဒိုခန်း studio အခန်းကျဉ်းလေးဖြစ်နေခဲ့ပါတယ်။


အင်မတန်စိတ်ပျက်အားလျော့ခဲ့ပေမယ့် ရောက်လာတဲ့ နေရာမှာ ကျေးဇူးတင်တဲ့စိတ်ကလေးနဲ့နေမယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာနေခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ ကိုယ်ပိုင်အိမ်ခန်းအသစ်မှာ Anii မပျော်တော့ပါဘူး။ အိမ်မှုကိစ္စတွေ၊ အိမ်ကိစ္စတွေ ကို ကိုယ်တိုင်တာဝန်ယူလာရတဲ့အခါ ဘယ်လောက်တာဝန်ကြီးမှန်းသိလာခဲ့ပါတယ်။


အိမ်မီတာခ၊ ရေခ ဆောင်ရတာကစလို့ မီးဖိုချောင်အမှိုက်တွေ အမှိုက်ကားလာတဲ့နေ့ ပစ်ရတာ၊ ရေချိုးခန်းက ဆံပင်တွေရှင်းရတာ ၊ ရေပိုက်တွေ ပြင်ရတာ အစရှိတဲ့ အိမ်ရဲ့တာဝန်တွေဟာ စိတ်ဖိစီးလာရပါတယ်။


Anii သဘောပေါက်နားလည်သွားတာကတော့

လူတွေဟာ မိမိအလိုရှိရာဆန္ဒတွေကို တာဝန်ယူနိုင်စွမ်းတွေလည်းရှိဖို့လိုပါတယ်။

Desire အလိုဆန္ဒတွေရဲ့နောက်မှာ Responsibility တာဝန်ယူနိုင်ခြင်းတွေ ဟာ အမြဲတမ်းရှိနေခဲ့တယ်။

Anii တို့တွေဟာ ဆန္ဒတွေကိုအလိုရှိကြပေမယ့် ယူရမယ့်တာဝန်တွေကိုတော့ သတိမထားမိခဲ့ကြဘူး။

ကိုယ့်ဆန္ဒတွေနဲ့ ဒွန်တွဲနေတဲ့ တာဝန်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိလာအောင် စကြဝဠာဟာ ဦးစွာ သင်ပေးလေ့ရှိကြောင်းနားလည်လာခဲ့ပါတယ်။


ဒါကြောင့် တချို့သောဆန္ဒတွေဟာ ရောက်လာဖို့၊ ပြည့်ဝလာဖို့ ကြာနေတယ်ဆိုတာ ပြင်ပအခြေအနေတွေကြောင့်မဟုတ်ဘဲ ကိုယ်တိုင်မှာ ဖြည့်စရာတွေ၊ လုပ်နိုင်စွမ်းတွေ မြှင့်တင်ဖို့လိုနေသေးတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစလို့ Anii studio အခန်းသေးလေးမှာ ကိုယ်နိုင်သလောက် အိမ်ကိစ္စတွေကို ပျော်ရွှင်စွာ တာဝန်ယူပါတယ်။


စနစ်တကျ သန့်သန့်ရှင်းရှင်းဖြစ်အောင်နေပါတယ်။

အမှိုက်ဆို အမှိုက်နေ့အတွက် ၊ မီတာဆို မီတာနေ့ဆောင်ရန်အတွက် ၊ အိပ်ယာခင်းလဲရမယ့်နေ့ စသည်ဖြင့် အိမ်လေးကို နိုင်သလောက် ထိန်းသိမ်းပါတယ်။


၆ လကြာပြီးနောက်မှာပဲ Anii manifest ထားတဲ့ ခြံဝန်းနဲ့ နှစ်ထပ်အိမ် လှလှလေးကိုပြောင်းရွေ့နိုင်ခဲ့ပါတယ်။ အိမ်သစ်ကိုရောက်တဲ့အခါမှာလည်း ပိုကျယ်တဲ့အိမ်မှာ ပိုကြီးတဲ့တာဝန်တွေရှိနေပေမယ့် နေသားတကျ ဖြေရှင်းနိုင်စွမ်း၊ ကိုင်တွယ်နိုင်စွမ်းတွေက ရှိနေပြီးသားဖြစ်နေခဲ့ပါတယ်။


Manifestation Process မှာ Responsibility ဟာ လူသားတွေသတိမမူမိတဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်ကြောင်း နက်ရှိုင်းစွာနားလည်လာပါတယ်။ ကိုယ်ပိုင်အိမ်လေးမှမဟုတ်ဘဲ ချစ်ခြင်းမေတ္တာရေး၊ ငွေကြေး၊ အလုပ်အကိုင် အားလုံးမှာလဲ အတူတူပါပဲ။


တာဝန်ယူနိုင်စွမ်းရှိမှသာ ဆန္ဒတွေဟာ ပြည့်ဝလာပါတယ်။

Soul family များရော မိမိတို့ အလိုရှိရာဆန္ဒတွေနဲ့ ဒွန်တွဲနေတဲ့ တာဝန်တွေယူဖို့ အဆင်သင့်ဖြစ်နေပါပြီလား၊ အရည်အချင်းတွေ ပြည့်ဝနေပါပြီလား။


Sometimes it’s not the manifestation that’s missing—it’s the readiness to hold the responsibility it brings.


တစ်ခါတစ်လေမှာ ကိုယ်အာရုံစိုက်ရမှာက Manifestation အပိုင်းမဟုတ်နေဘဲ ကိုယ်ဆန္ဒတွေက ခေါ်ဆောင်လာတဲ့ တာဝန်တွေကို ယူနိုင်ဖို့ အဆင်သင့်ဖြစ်နေလားဆိုတာ မိမိကိုယ်ကိုဆန်းစစ်ခြင်း အပိုင်းဖြစ်ပါတယ်။

 
 
 

Comments


bottom of page