ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝချင်ရင် အောက်ပါအချက်တွေကို နေ့စဉ်ကျင့်သုံးပါ။
- AniiChann Elysian

- Jun 27
- 1 min read

💗ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါ။
အပေါ်ယံ ကျေးဇူးတင်ပါတယ် ပြောသော စကားမဟုတ်ဘဲ ခဏလောက်မျက်လုံးလေးမှိတ်ထားပြီး ငြိမ်သက်စွာ ကျေးဇူးတင်စရာတွေကို အာရုံပြုရင်း ဝမ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ။
🔮မင်္ဂလာရှိသော စကားကိုဆိုပါ။
စကားလုံးများဟာ ဆေးလည်းဖြစ်နိုင်သလို အဆိပ်လည်းဖြစ်စေတယ်။ ဆန္ဒများပြည့်ဝစေဖို့ အရေးကြီးဆုံး အချက်လည်းဖြစ်တယ်။ တမင်လုပ်ယူခြင်းမဟုတ်ဘဲ သူတစ်ပါးနားဝင်ချိုသော မင်္ဂလာရှိသော စကားကိုဆိုပါ။ စကားလုံးများကို ဥာဏ်ဖြင့်ယှဉ်၍ ရွေးချယ်တတ်ပါစေ။
✨မြင်အပ်မမြင်အပ်သော ပုဂ္ဂိုလ်များ၊ အတိတ်ဘဝ ဆွေတော်မျိုးတော်များ ၊ အစောင့်အရှောက်နတ်ကောင်းနတ်မြတ်များ၊ ကမ္ဘာစောင့်နတ်များကို ကုသိုလ်အမျှပေးဝေငှပါ။
မိမိဘဝတွင် ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်များကို နေ့စဉ် အာရုံပြုပြန်စဉ်းစားကာ ကုသိုလ်
အမျှပေးဝေပါ။
🌼ကိုယ့်အလုပ်ကိုယ် လုပ်တတ်ပါစေ။
မိမိနှင့် မဆိုင်သော အရာများတွင်မပါဝင်ဘဲ ကိုယ့်ရဲ့ လမ်းကို လျှောက်ပါ။ မိမိလျှောက်နေသော လမ်းတွင်ဝင်ရောက်နှောင့်ယှက်မှုများ ရှိနေပါစေနဂိုမူလ ရည်ရွယ်ချက်မပျောက်စေဘဲ ကိုယ့်ရဲ့ လမ်းကို ဆက်သွားတတ်ပါစေ။
🪬နှလုံးသားကိုပေါ့ပေါ့ပါးပါးထားကာ ခွင့်လွှတ်တတ်ပါ။
လောကကြီးမှာ မျှော်လင့်ထားတာတွေ မဖြစ်လာတတ်သလို၊ မမျှော်လင့်ထားတာတွေလည်းတည့်တည့်ရောက်လာတတ်ပါတယ်။ လူတွေဟာလည်း သွားရင်းလာရင်း တစ်ယောက်နဲ့တစ်ယောက် တိုက်မိခိုက်မိတာတွေ ရှိတတ်ပါတယ်။ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ လူတွေဟာ မိမိကို နာကျင်စေခဲ့ရင် လောကကြီးဟာ မိမိထင်ထားတာထက် ခက်ခဲနေခဲ့ရင်တောင် မိမိနှလုံးသားထဲမှာ အကြာကြီးသိမ်းမထားဘဲ လွှတ်ချတတ်ပါစေ။ ခွင့်လွှတ်တတ်ပါစေ။
🕊️တိရစ္ဆာန်လေးများကို အစာကျွေးပါ။ ကြင်နာပါ။
တိရစ္ဆာန်လေးတွေကို ကြင်ကြင်နာနာ မေတ္တာပို့ပါ။ အခွင့်အခါ သင့်တိုင်း အစာကျွေးပါ။ လမ်းဘေးခွေးကလေး၊ ကြောင်ကလေး ၊ ငှက်ကလေးတွေကို အစာကျွေးပါ။ တတ်နိုင်သမျှ တိရစ္ဆာန်လေးတွေကို နာကျင်အောင်မလုပ်ပါနဲ့။
🪽ကောင်းသော ဆရာသမားများထံ ဆည်းပူးပါ။ နှလုံးသွင်းမှန်ကန်ပါစေ။
နှလုံးသွင်းမမှန်ကန်ခဲ့ရင်ဘဝလမ်းကြောင်းဟာ မှားယွင်းတတ်ပြီး ဆန္ဒပြည့်ဝခြင်းတွေနဲ့လွဲချော်တတ်စေတယ်။ မိမိရွေးချယ်သော ဆရာ မှန်ကန်ဖို့အရေးကြီးပါတယ်။
ဤ (၇) ချက်ကိုမှန်ကန်စွာ ကျင့်သုံးနိုင်ပါက လောကကြီးတွင်မိမိဖြစ်ချင်သော ဆန္ဒမှန်သမျှ ပြည့်ဝလာစေမှာဖြစ်ပါတယ်။



Comments