top of page

Anii Chann

Intuitive Healer | Tarot | Coach

မိမိအဖြစ်ချင်ဆုံး ဆန္ဒတွေဟာ သိပ်မကြာခင်မှာ ပြည့်ဝလာပါလိမ့်မယ်။

  • Writer: AniiChann Elysian
    AniiChann Elysian
  • Jun 27
  • 1 min read

ဆန္ဒတွေ ပြည့်ဝဖို့ဆိုရင် လိုအပ်ချက် (၃) ချက်ဖြည့်ထားရမှာဖြစ်ပါတယ်။

နံပါတ် (၁) မိမိကိုယ်ကို ကြည်ညိုလေးစားသောစိတ်ရှိခြင်း

ကိုယ့်ကိုယ်ကို ကြည်ညိုလေးစားစိတ် Self Respect မရှိပါက ဆန္ဒပြည့်ဝလာဖို့ အကြောင်းများလည်း ဖန်လာနိုင်မည်မဟုတ်ပါ။


နံပါတ် (၂) မိမိဖြစ်ချင်သောဆန္ဒကို စိတ်အာရုံ ကိုင်းညွှတ်ကာ အပြည့်အဝ ယုံကြည်ခြင်း

ဆန္ဒပြည့်ဝလာမလား၊ မပြည့်ဝလာဘူးလား ဟူသော သံသယစိတ်တွေ မရှိဘဲ မိမိဖြစ်ချင်သောဆန္ဒကို အပြည့်အဝယုံကြည်နိုင်ပါက မိမိဖြစ်ချင်သောဆန္ဒများ လက်တွေ့ပင်ပြည့်ဝလာပါလိမ့်မည်။


နံပါတ် (၃) ဆန္ဒများပြည့်ဝလာစေရန် ကူညီလမ်းပြပေးနိုင်သော မိတ်ဆွေကောင်း၊ ဆရာသမားများနှင့် နတ်ကောင်းနတ်မြတ်ပုဂ္ဂိုလ်များ ကူညီနိုင်သောနေရာတွင် ရောက်နေခြင်း မိမိကိုယ်တိုင်ကလည်း energy ကောင်းနေပြီး နတ်ကောင်းနတ်မြတ်များ ကူညီမစနိုင်သော နေရာတွင်ရောက်နေဖို့ လိုအပ်ပါတယ်။


မိမိ၏ Energy ကိုယ်ရောင်ဝါတောက်ပနေမှလည်း မိမိဆန္ဒပြည့်ဝစေရန် ကူညီနိုင်သော ပုဂ္ဂိုလ်များဟာ မိမိကိုရှာတွေ့နိုင်မည်ဖြစ်ပါတယ်။

ယခုအချိန်တွင် မိမိအဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကို နက်နက်ရှိုင်းရှိုင်း စိတ်အာရုံ ကိုင်းညွတ်ကာ အာရုံပြုဆုတောင်းလိုက်ပါ။


ဖယောင်းတိုင်ပုံလေးကို အာရုံပြုကာ မိမိဆန္ဒများပြည့်ဝလာသည့်အတွက် ကျေးဇူးတင်ပါသည်ဟု နှုတ်မှအသံထွက်ရွတ်ဆိုလိုက်ပါ။


Comment ထဲတွင်

မိမ်ိအဖြစ်ချင်ဆုံး ဆန္ဒလေးပြည့်ဝသွားသည့်အတွက် ကျေးဇူးတင်ပါတယ် ဟုရေးခဲ့ရင်း ကောင်းမွန်သော energy များလက်ခံယူလိုက်ပါ။

 
 
 

Comments


bottom of page